Print

အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော သားဥအိမ်ကင်ဆာ (၃)

  11-May-2017
Preview Image


အခြားရောဂါများစစ်ဆေးမှုမှတွေ့ရှိနိုင်

သားဥအိမ်ကင်ဆာနဲ့ တခြားရောဂါတွေနဲ့ ခွဲခြားရခက်တာမျိုးတွေရှိပါတယ်။ အူမကြီးရောင်တာဖြစ်ဖြစ်၊ အူအတက်ရောင်တာဖြစ်ဖြစ်၊ အစာအိမ်ရောဂါဖြစ်ဖြစ် အာထရာဆောင်းရိုက်ကြည့်ရင်းနှင့် သားဥအိမ်ကင်ဆာ ဖြစ်တာ တွေ့ရတဲ့လူနာတွေလည်း ရှိပါတယ်။ ရောဂါရဲ့အဆင့်က Stage 1 ပဲဆိုရင်တော့ ဆရာတို့က သက်တမ်းရှည်ရှည်နေနိုင်ဖို့ ကုသပေးပြီး ဆောင်မြင်သူလည်းရှိပါတယ်။


ကုသမှုဆိုင်ရာများ

ကုသမှုအပိုင်းက ခွဲခြားပြီးကုသတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပေးပြီး ကုသတာဆိုပြီး ရှိပါတယ်။ ဒီမှာ ဆရာတို့အဓိက ကုသပေးတာကတော့ ခွဲစိတ်ကုသတာနဲ့ ဆေးသွင်းကုသပေးတာပါပဲ။ ဗိုက်မှာဓာတ်ရောင်ခြည်ပေးဖို့ကျတော့ ဘေးမှာအစာအိမ်နဲ့ အူလမ်းကြောင်းတွေ၊ အသည်း၊ ကျောက်ကပ်ရှိမယ်၊ တခြားကလီစာတွေလည်းရှိတော့ နည်းနည်းလက်ဝင်ပါတယ်။ ရောဂါကို စောစောစီးစီး သိတယ်ဆိုရင် ခွဲစိတ်ကုသပေးတာ များပါတယ်။ ကင်ဆာရှိတဲ့ ဥအိမ်အပိုင်းကို ထုတ်ပေးတာပါ။ လူနာက အသက် ၅၀ ကျော်နေပြီ၊ ဖယ်ရှားဖို့လည်း လိုအပ်တယ်ဆိုရင် ဥအိမ်နှစ်ဖက်စလုံးရော၊ သားအိမ်ရော၊ အကျိတ်ဖြစ်တဲ့ အပိုင်းတွေပါ အကုန်ထုတ်ပေးလိုက်ပါတယ်။ ထုတ်ပြီးသွားရင်တော့ စိတ်ချရအောင် ဆရာတို့က ဆေးသွင်းကုသမှုကို ပေးပါတယ်။ ဆေးကအနည်းဆုံး ခြောက်ကြိမ်လောက်တော့ သွင်းပေးပါတယ်။


ရောဂါပျောက်ကင်းနိုင်မှုအခြေအနေ

ရောဂါပျောက်ကင်းမှုက ရောဂါနဲ့ အဆင့်ပေါ်မူတည်ပါတယ်။ စောစောစီးစီး သိတယ်ဆိုရင် ပျောက်ကင်းနိုင်ခြေ ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဆရာတို့အများဆုံး ကြုံတွေ့နေရတာကတော့ အလုံးအတော်လေး ကြီးနေပြီ၊ အူတွေမှာ ကပ်နေပြီ၊ အကြိတ်တွေဖြစ်နေပြီ၊ ဝမ်းဗိုက်အမြှေးပါးအထိ ပြန့်သွားတဲ့ အခြေအနေမျိုးဆိုရင်တော့ စိုးရိမ်ရပါတယ်။ နောက်တစ်ခုကတော့ အတော်ကြီးကို ရောဂါပြန့်မှဆိုရင် ကုသရတာ အတော်ခက်ခဲပါတယ်။ လူနာအတွက်လည်း စိတ်ပူရပါတယ်။ သားဥအိမ်ကင်ဆာက အသက်ကြီးမှသိကြပြီး ရောဂါလွန်နေမှဆိုတော့ စိတ်မကောင်းစရာတွေ ကြံုတွေ့ရတာအများကြီးပါပဲ။ အများအားဖြင့် အသည်းကိုပြန့်တယ်၊ ရေဖျဉ်းဖြစ်ပြီးမှ ဆရာတို့ဆီရောက်လာတာမျိုးတွေကတော့ ကုသပျောက်ကင်းမှု ခက်ခဲတတ်ပါတယ်။


အပြည့်အဝကာကွယ်နိုင်မှုရှိမရှိ

သားဥအိမ်ကင်ဆာက ကာကွယ်လို့ရပါတယ်။ လုပ်သင့်တဲ့ အကြောင်းတရားတွေကတော့ အများကြီးရှိပါတယ်။ ကျန်းမာရေးစစ်ဆေးတာကို ခြောက်လတစ်ခါ လုပ်တာ၊ ဗိုက်ကို စမ်းသပ်တာ၊ သွေးဖောက်စစ်ပေးတာ စတာတွေကိုလုပ်ပြီး ရောဂါဖြစ်လာရင် စောစောစီးစီး ကြိုတင်သိရှိနိုင်ပါတယ်။ သားဥအိမ်ကင်ဆာကို အပြည့်အဝ ကာကွယ်ဖို့ ခဲယဉ်းပါတယ်။


အကြံပြုချက်

ဒါနဲ့ပတ်သက်ပြီး အကြံပေးချင်တာက ကျန်းမာရေးနှင့်ပတ်သက်ပြီး ထုတ်ဝေနေတဲ့ စာစောင်တွေကို ဖတ်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာရေးဂရုစိုက်ဖို့နဲ့ အသက် ၄၀ ကျော်လာတာနဲ့ ကျန်းမာရေးကို မပေါ့ဆစေချင်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်မှာ ထူးခြားတဲ့ အပြောင်းအလဲလေးတွေ ဘာပဲရှိရှိ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကျန်းမာရေးဆေးစစ်တာကို တစ်နှစ်ကု နှစ်ကြိမ်လောက် လုပ်သင့်ပါတယ်။ အသက်ရှည်ဖို့ကတော့ ကံ၊ စိတ်၊ ဥတု။ အာဟာရပါပဲ။ လူနာတွေ ကံကောင်းအောင် အနေအထိုင် အစားအသောက်၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေ၊ အဆီများတဲ့ အစားအသောက်တွေ စားတာ၊ အချိုမှုန့်တွေသုံးတာ၊ မလိုအပ်ဘဲ ဆေးတွေ မသောက်စေချင်ပါဘူး။ ဒါတွေကို လိုက်နာမယ်ဆိုရင်တော့ သက်ရှည်ကျန်းမာစွာနှင့် နေထိုင်နိုင်ကြလိမ့်မယ်လို့ ဆရာမျှော်လင့်ပါတယ်။


Credit:

ပါမောက္ခဦးစိန်လင်း

ခွဲစိတ်နှင့် ကင်ဆာပါရဂူ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18